စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ရသင့်ရထိုက် သည့်အခွန်အခများနှင့် ချေးငွေများအပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ငဖဲမြို့နယ်၌ မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြု၍ ဆာပိုးသာမိုးစပါးမျိုးသန့်စိုက်ခင်းအဖြစ် တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အိုးမြေတွင်းကျေးရွာ ကွင်းအမှတ်-၁၀၂၈ ဦးပိုင်အမှတ် ၃၃၈ ရှိ ဇီးတောကျေးရွာနေ တောင်သူ ဦးအုန်းရွှေ၏ လယ်မြေ ၂ ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယ၌ ခရမ်းချဉ်သီးယိုပြုလုပ်နည်းသင်တန်း အခမဲ့သင်ကြားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိပြီး မိသားစုတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် ခရမ်းချဉ်သီးယိုပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။

မိုးညှင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပင်မြို့သရက်ချောင်းနှင့် နန့်မွန်းမြို့မှ ချောင်းရေမြင့်တက်ခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပင်မြို့ သရက်ချောင်းနှင့် နန့်မွန်းမြို့မှ ချောင်းရေများမြင့်တက်လာခဲ့ပြီး အနိမ့်ပိုင်းရပ်ကွက်များတွင် ဇူလိုင် (၂၇) ရက် နံနက် (၅) နာရီခွဲက ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၈၃၀ စားသုံးသူများ လက်ဝယ်အရောက်ရောင်းချပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ နေပြည်တော် ဆီကုန်သည်အသင်း ဝင်များဖြင့်ပူးပေါင်း၍ ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီတစ်ပိဿာ လျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ယနေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက် ရှိသည်။

လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာမျာမှ ပြည်သူ ၄၀၅ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

မောက်မယ်မြို့နယ် အ.မ.က ကွန်ကျိုင်းကျောင်း၌ဝါဆိုသင်္ကန်းနှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်၆နာရီခွဲက အဆိုပါကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

နမ္မတူမြို့နယ် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ်စာရွက်များ ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ်စာရွက်များထုတ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် Gmail, Email အသုံးပြုနည်းသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံ သုံးခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Clubတို့ ပူးပေါင်း၍ Gmail, Email  အသုံးပြု နည်းသင်တန်း ကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော် ပတ်ဝန်းကျင်ရှိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
Subscribe to