မူဆယ်မြို့၊ အခြေခံပညာရေးကျောင်းများအား First Dose,Second Booster ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထပ်ဆောင်းထိုးနှံပေးမှု ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီး
၂၀၂၃ခုနှစ်အတွင်း ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီး ဆက်လက်ပြန့် ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဌာနများအနေဖြင့် ကာကွယ်ဆေးများကို အမြို့မြို့အနယ်နယ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဒေသခံပြည်သူများကို ဆက်လက် ထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအခြေခံပညာရေးကျောင်းများအပြင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများရှိ ကျောင်းသား/သူများအား First Dose,Second Boosterကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထပ်ဆောင်းထိုးနှံပေးမှု ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။