တမူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းစုပေါင်းကပ်လှူပွဲ ကျင်းပ

ဝါတွင်းကာလတွင် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲများနှင့် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်(၉း၃၀)အချိန်က ဝါဆိုသင်္ကန်း စုပေါင်းကပ်လှူပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်၂ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက် ၂ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  မိုင်းစံမြို့၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာ၊ ဝမ်ကန်နယ်‌မြေဖာဖိတ်ရွာရှိ ရွာသူ ရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဇယား ၆၆/၆ပုံစံများကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ၀မ်ကန်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း(PPTT)အမှတ်စဉ်(၉/၂၀၂၃)သင်တန်းဆင်းပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း(PPTT)အမှတ်စဉ်(၉/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါဒီဂရီကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပပြုလုပ်သည်။

ကသာမြို့၌တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံလူတန်းစားပြည်သူများအနေဖြင့် တန်ဖိုးသင့်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့ နံနက် (၇)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းရှေ့နှင့် ခရိုင်စည်ပင်သာယာရေးရုံးရှေ့တို့၌ ရောင်းချပေးခဲ့ကြောင်း သိသည်။
Subscribe to