ကွတ်ခိုင်မြို့နယ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရန် အသိပညာပေးကြော်ငြာဆိုင်းဘုတ်များစိုက်ထူ

ကွတ်ခိုင် ဇူလိုင် ၂၈

ရှမ်းပြည်‌နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့နယ်အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရန်နှင့် မြို့နယ်တစ်ခုလုံးသန့်ရှင်းသာယာလှပစေရန်အတွက် အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်သည့် အသိပညာပေးကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်သည့် အသိပညာပေးကြော်ငြာဆိုင်းဘုတ်များစိုက်ထူရာတွင် ကွတ်ခိုင်မြို့နယ် စည်ပင်သာရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်သည့် အသိပညာ‌ပေးစာသားများပါဝင်သည့် ဆိုင်းဘုတ်များကို မြို့ပေါ်ရပ်ကွက်များ၊ အများပြည်သူပိုင် လမ်းမဘေးများနှင့် အခြေခံပညာကျောင်းများအနီးတွ င်စိုက်ထူခဲ့ကြသည်။

ထိုသို့ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူထားခြင်းဖြင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းလာမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှုကိုလည်း လျော့နည်းလာ‌စေမည်ဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)