ငပုတော ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ သီတင်းသုံးတော်မူကြကုန်သော သံဃာတော် များအား ယမန်နေ့ မွန်းလွဲပိုင်းက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့သို့ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် အတွင်းရေးမှူး ရဲမှူးမြင့်ရွှေနှင့် မြို့နယ်ဌာနဆိုင်ရာများက တာဝန်ရှိသူ များက ငပုတောမြို့ပေါ်ရှိ ကျောင်းတိုက် အသီးသီးမှ သီတင်းသုံးတော်မူကြကုန်သော သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်တကွ နဝကမ္မဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)