လားရှိုး ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ၁၀၀ ပေx ၃၀ ပေ သုံးထပ်ကျောင်းဆောင်သစ်တည်ဆောက်မည့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၇)နာရီခွဲအချိန်က အ.ထ.က (၆) ကျောင်းဝန်းအတွင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ပြည်နယ် ပညာရေးမှူး (ရှမ်း/မြောက်၊ရုံးခွဲ) မှ ဦးခင်မောင်ဌေး နှင့် မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်လင်း တို့ တက်ရောက်ခဲ့ကြသည်။
အသစ်တည်ဆောက်မည့် သုံးထပ်ဆောင်ကျောင်းဆောင်သစ်သည် ခွင့်ပြုရန်ပုံငွေ (၄၆၆.၃၆၂)သန်း အကုန်အကျခံတည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ပြီးစီးမည့်ကာလမှာ (၈)လခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)