အင်းတော်၌ စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော် မြို့နယ်ရုံး Community Centre ခန်းမတွင် ၂၀၂၃ ခုနှစ် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံ​တေးမြို့နယ်မြို့နယ်ပညာရေးမှူးရုံး ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်ပညာရေးမှူးရုံးတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့၌ အကြိုအခြေခံမီးသတ်သင်တန်း(၁/၂၀၂၃)ဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ် ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရန် ဖွင့်လှစ်ခဲ့သည့် အကြို အခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က သထုံခရိုင်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

တံတားမြို့ ပြည်သူ့ဆေးရုံ၌ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုးမှ ကြိုတင်ကာကွယ်ရန်၊ ပိုးလောက်လန်းများ မပေါက်ဖွားစေရေးနှင့် ခြင်မခိုအောင်းစေရန်အတွက် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က အဘိတ်ဆေးခပ်ခြင်း၊ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ စကားရည်လုပြိုင်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံစကားရည်လုပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ ခန့်က အဆိုပါတက္ကသိုလ်၊ ပတ္တမြားနယ် မြေ၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး၊ သီးနှံများပန်းတိုင်အထွက် နှုန်း ရရှိရေး၊ လှပ်မြေမကျန် စိုက်ပျိုးရေးနှင့် သီးထပ်စွမ်းအားတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းမှ Zoom Meeting ဖြင့် တက်ရောက် အမှာစကားပြော ကြားသည်။

ချောက်ခရိုင်သန်း​ခေါင်စာရင်း​ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးအမှတ် စဥ်(၁/၂၀၂၃) ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ယမန်​နေ့မွန်းလွဲ၁နာရီအချိန်ကခရိုင်သန်း​ခေါင်စာရင်း​ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးအမှတ်စဥ် (၁/၂၀၂၃)ကို မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်းတည် မျိုးသန့်ခြံ၌ ကောက်စိုက်စက်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက်ကောက်စိုက်စက်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပေါင်းတည် ​မျိုးသန့်ခြံတွင် ကျင်းပပြုလုပ်သည်။   

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက် (၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ " ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ (၃၅) ရပ်ကွက်နှင့် (၄၉) ရပ်ကွက်တို့တွင် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ အဆုတ်၊ ရင်ခေါင်းနှင့်ပတ်သက်သော ရောဂါရှိ၊ မရှိ Digital CXR ဖြင့် အခမဲ့ရှာဖွေ စစ်ဆေးခြင်းများဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မြန်မာနိုင်ငံဆရာဝန် အသင်း အဆုတ်၊ ရင်ခေါင်းနှင့်ပတ်သက်သော ရောဂါရှာဖွေရေးအဖွဲ့နှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍  ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ အဆုတ်၊ ရင်ခေါင်းနှင့် ပတ်သက်သော ရောဂါရှိ၊ မရှိ Digital CXR ဖြင့် အခမဲ့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to