သံဖြူဇရပ်မြို့နယ်၊ ကြာကန်ရပ်ကွက်၌ အခြေခံစားသောက်ကုန်စည်များအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး
မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများစျေးနှုန်း သက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အခြေခံစားသောက်ကုန်စည်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြာကန်ရပ်ကွက်၌ ရောင်းချပေးလျက်ရှိသည်။