မုဒုံမြို့၌ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်
မွန်ပြည်နယ် မုဒုံမြို့နယ်၏ မိုးစပါးဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ခင်းတွင် ဓာတ်မြေသြဇာနှင့်သဘာဝမြေသြဇာ အချိန်ကိုက်အချိုးကျထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘဲရမ်းကျေးရွာရှိ စံပြစိုက်ခင်း၌ ကျင်းပရာမွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တာဝန်ရှိသူများတက်ရောက်သည်။