ဒဂုံမြောက် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ " ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ (၃၅) ရပ်ကွက်နှင့် (၄၉) ရပ်ကွက်တို့တွင် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ဇော်၏ ကြီးကြပ်မှုဖြင့် အဖွဲ့(၂)ဖွဲ့ခွဲ၍ ဝန်ထမ်းများက (၃၅)ရပ်ကွက်နှင့် (၄၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် အသက်(၁၈)နှစ် ပြည့်သူများ၊ အသက်(၁၆) နှင့်(၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ရာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)