ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ အသိပညာပေး ဟောပြောပွဲပြုလုပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ဥပဒေရေးရာအဖြာဖြာ၊ ယဉ်ကျေးလိမ္မာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှုးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။