သထုံ ဇူလိုင် ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ် ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရန် ဖွင့်လှစ်ခဲ့သည့် အကြို အခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က သထုံခရိုင်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် သထုံမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးက သင်တန်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့်အညီ စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးတင်အောင်ဖြိုးက သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခဲ့သည်။
အဆိုပါသင်တန်းကို သထုံခရိုင်မီးသတ်တပ်ဖွဲ့မှူးရုံး၌ ဇူလိုင်လ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်