သထုံမြို့နယ်တွင် မွေးမြူရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းသားများထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ မွေးမြူရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းသားများထံ မတည်ထောက်ပံ့ငွေ (လုပ်ငန်းချေးငွေ)များ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက်

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မုံရွာစီးပွားရေးတက္ကသိုလ်နှင့် တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်၊ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးတစ်ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား လိုအပ်သော သွင်းအားစုပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မေရီလန်းကျေးရွာအုပ်စု တောင်သူအသိပညာပေးစခန်း၌  ၂၀၂၃-၂၀၂၄ မိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်  မိုးစပါးတစ်ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား သွင်းအားစု(ယူရီးယားမြေသြဇာ၊ ကွန်ပေါင်းမြေသြဇာနှင့်သဘာဝမြေသြဇာ) ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည့်။

ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များမှ ရှောင်တခင် ဝင်ရောက်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ဟင်္သာတမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စသော ပူးပေါင်းအဖွဲ့သည် ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးဆိုင် တို့တွင် တရားမဝင်ဆေးဝါးများ၊ အများပြည်သူ သုံးစွဲရန်မသင့်သော ဆေးဝါးများ ဖြန်ဖြူးရောင်းချ ခြင်း ရှိ/ မရှိကို ယမန်နေ့နံနက် ၁၀နာရီက လိုက်လံစစ်ဆေးခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် သိန်းဖျံကျေးရွာ၌ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်အားဒါနတရပ်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၈) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်း အနား တက်ရောက်

မွန်ပြည်နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ​အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ဟင်္သာတမြို့နယ်အတွင်းရှိ MSMEs လုပ်ငန်းများထဲမှ စပါးခွံလောင်စာထုတ်လုပ်ခြင်း လုပ်ငန်းအကြောင်း

ဟင်္သာတမြို့နယ်အတွင်းရှိ MSMEs လုပ်ငန်းများထဲမှ စပါးခွံလောင်စာထုတ်လုပ်ခြင်း လုပ်ငန်းအကြောင်း ဟင်္သာတ ဇူလိုင် ၂၈ ခရိုင် (ပြန်/ဆက်)
Subscribe to