သီပေါမြို့နယ်တွင်ကျား၊မအခြေပြုအကြမ်းဖက်မှု၊အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြိုနယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မ အခြေပြုအကြမ်းဖက်မှု(Gender)၊အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေး (CEDAW)နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး(NSPAW)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။