အင်းတော်၌ စာဖတ်ဝိုင်းပြုလုပ်

အင်းတော် ဇူလိုင် ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော် မြို့နယ်ရုံး Community Centre ခန်းမတွင် ၂၀၂၃ ခုနှစ် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်း ဆောင်ရွက် ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အလေ့အထနှင့် အခွင့်အလမ်းကောင်းများ ရရှိလာနိုင်စေရေး၊ စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာရေး၊ စာပေများကို ဖတ်ရှုလေ့လာမှတ်သား ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေး၊ စာပေမှ ရရှိသည့် အတွေ့အကြုံ ကောင်းများကို လက်တွေ့လူမှုဘဝတွင် အသုံးချတတ်စေရေး၊ နိုင်ငံတော်အတွက် အားကိုးအားထား ပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာရေးတို့အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်း အခမ်းအနား များကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော် မြို့နယ်ရုံး မြို့နယ်ဦးစီးမှူး ဦးကျော်သီဟ ရှင်းလင်း ပြောကြားခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့ နယ်ရုံး မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်သူများအသင်းအဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသည့် လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်းစာအုပ်မှ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ဆွေးနွေးချက်များအပေါ် ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း အခမ်းအနားသို့ အင်းတော်မြို့နယ် စာပေချစ်သူများအသင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သီ