ချောက်ခရိုင်သန်း​ခေါင်စာရင်း​ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးအမှတ် စဥ်(၁/၂၀၂၃) ကျင်းပ

ချောက် ဇူလိုင် ၂၉

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ယ​မန်နေ့မွန်းလွဲ၁နာရီအချိန်ကခရိုင်သန်း​ခေါင်စာရင်း​ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးအမှတ်စဥ် (၁/၂၀၂၃)ကို မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ​ခရိုင်သန်း​ခေါင်စာရင်း​ကော်မတီဥက္ကဋ္ဌ ဦး​ဌေး​ကျော်က အဖွင့်အမှာစကား​ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အတွက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ​သန်း​ခေါင်စာရင်း​ကော် မတီဝင်များနှင့် ရပ်ကွက်/​ကျေးရွာအုပ်ချုပ်​ရေးမှူးများ​ ပူးပေါင်းဆောင်ရွက် ပေးကြရန်ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်သန်း​ခေါင်စာရင်း ​ကော်မတီအတွင်း​ရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဦးစန်းဝင်းက လူဦး​ရေနှင့် အိမ်အ​ကြောင်းအရာ သန်း​ခေါင်စာရင်း ​ကောက်ယူ​ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်များအား​ရှင်းလင်းဆွေး​နွေး​ပြောကြားခဲ့သည်။

အဆိုပါခရိုင် သန်းခေါင်စာရင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့​ ခရိုင်သန်း​ခေါင် စာရင်း​ကော်မတီဥက္ကဋ္ဌ၊ ဦး​ဌေး​ကျော်၊ ခရိုင်သန်း​ခေါင်စာရင်း​ကော်မတီ အတွင်း​ရေးမှူးနှင့် အဖွဲ့ဝင်များ၊​ချောက်မြို့နယ် သန်း​ခေါင်စာရင်း​ကော်မတီဥက္ကဋ္ဌ၊ ဦး​စိုးလွင်နှင့် အဖွဲ့ဝင်များ၊​ရေနံ​ချောင်း မြို့နယ်သန်း​ခေါင်စာရင်း​ကော်မတီဥက္ကဋ္ဌ ဦး​​အောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်​ရေးမှူးများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)