တောင်ဥက္ကလာပ ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မြန်မာနိုင်ငံဆရာဝန် အသင်း အဆုတ်၊ ရင်ခေါင်းနှင့်ပတ်သက်သော ရောဂါရှာဖွေရေးအဖွဲ့နှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ အဆုတ်၊ ရင်ခေါင်းနှင့် ပတ်သက်သော ရောဂါရှိ၊ မရှိ Digital CXR ဖြင့် အခမဲ့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရှာဖွေရာတွင် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာကျော်ဇေယျနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက သွေးစစ်ပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အဆုတ်၊ ရင်ခေါင်းနှင့်ပတ်သက်သော ရောဂါရှိ၊ မရှိ ရှာဖွေစစ်ဆေးခြင်းတို့ကို ခေတ်မှီရင်ဘတ်ဓါတ်မှန်စက် (Digital CXR) ဖြင့် အခမဲ့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းရှာဖွေရာတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)