တွံ​တေးမြို့နယ်မြို့နယ်ပညာရေးမှူးရုံး ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပ

တွံ​တေး ဇူလိုင်၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်ပညာရေးမှူးရုံးတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သုဂတော ဆရာတော်ဘဒ္ဒန္တဥတ္တမသာရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ထို့နောက် သုဂတော ဆရာတော်နှင့်သံဃာတော်များက ပရိတ်တရားတော်များ ဟောကြားချီးမြှင့်ပြီး ကျောင်းသစ် ကျောင်းတိုက် သုဂတောဆရာတော် ဘဒ္ဒန္တဥတ္တမသာရနှင့် သံဃာတော်အရှင်သူမြတ် (၅)ပါးတို့အား မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကြကြောင်းနှင့် ဆရာတော်ဟောကြားသော အနုမောဒနာ တရားများကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်မြချိုနှင့် ဝန်ထမ်းများ ဧည့်သည်တော်များက ကြည်ညိုမှတ်သား နာယူကြကြောင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ  အမျှပေး ဝေခဲ့ကြကြောင်း သိရသည်။

တွံတေးသား