ကလော ဇူလိုင် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကလေး သူငယ်အခွင့်အရေးဆိုင်ရာအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာအောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ဦးခွန်စိုးစံက အဖွင့်အမှာစကားပြောကြားပြီး ကလောမြို့နယ် လူမှုဝန် ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာအောင်က ကလေးသူငယ်အခွင့် အရေးများအကြောင်း၊ ကလေးသူငယ် အပေါ်အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ယနေ့ခေတ်လူငယ်၊ လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်စေရေးအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အချက်အလက်များကိုpower point ဖြင့် ရှင်းလင်းကာ အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်၊ သင်တန်းနည်းပြများနှင့်သင်တန်းသား ၂၆ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)