ကေ့ာကရိတ်မြို့၌အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကေ့ာကရိတ် ဇူလိုင်  ၂၉

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေး ရည်ရွယ်၍ (MSME)လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများအား ပြည်သူများသိရှိစေရေးအတွက် ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းမှစ၍ အသိပညာပေး နံရံကပ်စာစောင် ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။

ထိုသိုပြသရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အသေးစားအလတ်စား အငယ်စား စီးပွားရေးလုပ်ငန်းအား ဆောင်ရွက်ကြရန် မှာကြားချက်များ၊ တစ်ပိုင်တစ်နိုင်စနစ်မှ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်သည်အထိ ချိတ်ဆက်ဆောင်ရွက်ရမည့် အဖွဲ့အစည်းများ စားသုံးကုန်၊ လူသုံးကုန် အိမ်သုံးကုန်ပစ္စည်း ထုတ်လုပ်မှုများဖြစ်သည့် ပရိဘောဂလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ဆပ်ပြာရေလုပ်ငန်း၊ ခမောက်လုပ်ငန်း၊ အချက်အပြုတ်လုပ်ငန်းစသည့် စက်မှု၊လက်မှု အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး လုပ်ငန်းတို့အား ပြသဆောင်ရွက်ထားရာ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ပြည်သူများမှ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

KMW(ကေ့ာကရိတ်)