မင်းပြား ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနိုင်းအစည်းဝေးကို ယမန်နေ့က မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက ဌာနဆိုင်ရာများ မြို့နယ်အားလုံးရှိ ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်းစုပေါင်းကပ်လှုရန်၊ စပါးစိုက်ပျိုးရေးကို ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရန်၊ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်ရန်၊ မင်းပြားမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းရေးဆွဲရာတွင် ဌာနဆိုင်ရာများအလိုက် ဌာန၏ မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မြိူ့နယ်၏ အဓိကလိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ကဏ္ဍအလိုက်တင်ပြရန်နှင့် ရပ်ကွက်ကျေးရွာများမှ တင်ပြချက်များအား ထည့်သွင်းရေး ဆွဲရာတွင် ဦးစားပေးအလိုက်ရေးဆွဲရန် အကြံပြုဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး ဌာနဆိုင်ရာများကမိမိဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအားတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။
သောင်းရွှေ (ပြန်ဆက်)