အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကျင်းပ

လမ်းမတော် ဇူလိုင် ၂၉

ကုန်သည်စက်မှုအသင်းချုပ်တွင် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားရှိသော အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးဆိုင်ရာကော်မတီ (Industrial Relations and Employer Organization Committee-IREO)၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်စိုးနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာစောလှထွန်း၊ ဦးစိုးမင်းအောင်၊ ဦးနေလင်း၊ ဦးဇော်ဘိုခန့်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ကော်မတီ၏ လုပ်ငန်းရည်မှန်းချက်များ၊ အသင်းချုပ်ရှိ အလုပ်ရှင်အဖွဲ့ အစည်းဌာန (EOD) ၏ အလုပ်ရှင်၊ အလုပ်သမားဝန်ဆောင်မှုများ၊ EOD Subscriber အရေအတွက် တိုးမြင့်ရရှိရေး၊ လက်ရှိ Communication လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများ၊ မကြာမီ ဖွင့်လှစ်ပို့ချမည့် အလုပ်ရှင်၊ အလုပ်သမားရေးရာ သင်တန်းများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရှင်အဖွဲ့အစည်းဌာန၏ ၂၀၂၃ ခုနှစ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်အခြေအနေများ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။

ကျော်ဆန်းမြင့်