မိုင်းလုံမြို့ မြို့မကျောင်း ဆုတောင်ပြည့်ဘုရားတွင် အခြေခံပညာအထက်တန်း‌ကျောင်းမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မိုင်းလုံ ဇူလိုင် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်‌နေ့က မြို့မကျောင်း ဆုတောင်းပြည့်ဘုရားတွင်  ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မိုင်းလုံမြို့ မြို့မကျောင်းဆရာတော် ဦးသုဘောဂထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် ဟောကြားသော တရားတော်ကို နာယူခဲ့ကြသည်။

ပြီးနောက်အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းဆိုင်‌လောင်၊ ကျောင်းအကျိုးဆောင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဝတ္ထုများကို ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)