သန်လျင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုံပျံပရိယတ္တိစာသင်တိုက်၌ ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်း​ဒေသကြီးမီးသတ်ဦးစီးဌာန၊ စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေး သင်တန်းဆင်း သရုပ်ပြပွဲအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင်မြစ်ချောင်းများပေါများ‌သောကြောင့် ​ဘေးအန္တရာယ်များဖြစ်​ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ တိုင်း​ဒေသကြီးမီးသတ်ဦးစီးဌာနကပြုလုပ်သည့် စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေး သင်တန်းဆင်း သရုပ်ပြပွဲအခမ်းအနားအား ယ​နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကန်သုံးဆင့်​ရေကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရသေ့တောင်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ရသေ့တောင် မြို့ရှိ ​အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ၌ ကျင်းပသည်။

အထောင်မြို့တွင် အိမ်ထောင်စု (၁၂၀)အား အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချ

စားဝတ်နေရေး ခက်ခဲသည့် အိမ်ထောင်စုများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် အိမ်ထောင်စု (၁၂၀)အား အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းကို ယမန်နေ့က ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၆၀၀၀ ဧကကျော်စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံစုံ ၆၆၀၀၀ ဧကကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ကျန်စစ်သားမင်းကြီး အေဒီ ၁၀၈၄ ခုနှစ်တွင်တည်ထားခဲ့သည့်နဂါးရုံဘုရားရှိ နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင် ကျောက် ဆစ်ပန်းလက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင် ရာနံရံပန်းချီများလေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ကျန်စစ်သားမင်းကြီး အေဒီ ၁၀၈၄ ခုနှစ်တွင် တည်ထားခဲ့သည့် နဂါးရုံဘုရားရှိ နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင် ကျောက်ဆစ်ပန်းလက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင် ရာနံရံပန်းချီးများလေ့လာနိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံကသိရသည်။

မင်းလှမြို့၌ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးဆောင်ရွက်ရန် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့အား တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးလတ်မှ မြို့နယ်စိုက်ပျိုး ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတောင်း မြို့အုပ်ချုပ်ရေးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌  မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း) ချစ်ကြည် ရေး မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့် အမှတ်(၅)ရပ်ကွက် မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၌ နွေစပါးရိတ်သိမ်းခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု သရက်ကုန်းကျေးရွာ၊  ကွင်းအမှတ် (၁၃၂၅)၊ ဦးပိုင် (၁၇-က)တောင်သူဦးကြည်ခိုင်၏ နွေစပါးဆင်းသုခ စိုက်ဧက (၁.၇၅)ဧက နွေစပါးစိုက်ခင်းတွင် အထွက်နှုန်းကိုယ်စားပြုစံကွက်ရိတ်သိမ်း ခြင်းများအတွက် (၀.၁၀)ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ပေးအပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ယနေ့ နံနက်ပိုင်းက လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပေါက်တောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့တို့သည်  အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြကြောင်း သိရသည်။
Subscribe to