ဘိုကလေးမြို့နယ်တွင် မိချောင်းဆွဲခံရ၍သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်

ဘိုကလေး ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာတွင် နေထိုင်သူ(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဘောဂဝတီချောင်းအတွင်း ဇူလိုင်(၂၇)ရက်နံနက်ပိုင်း၌ လှေဖြင့်ပိုက်ဆွဲသွားရာမှ မိချောင်းဆွဲခံရပြီး သေဆုံးခဲ့သဖြင့် ဇူလိုင်(၂၈)ရက် နေ့လည်(၂)နာရီ အချိန်တွင် သေဆုံးသူအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်မှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတာဝန်ရှိ သူများက သေဆုံးသူ၏မိသားစုလက်ဝယ်အရောက် ထောက်ပံ့ငွေ(၃)သိန်းကျပ်အား ပေးအပ် ခဲ့ကြောင်း သိရသည်။

မိုးစက်