ပင်လုံ ဇူလိုင်၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ နယ်စပ်ဒေသ တိုင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့ နံနက် (၈)နာရီ က စတင်ဖွင့်လှစ်ခဲ့ပါသည်။
ရှေးဦးစွာ ပင်လုံမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်မှ အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရည်ဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပါသည်။
အဆိုပါ သင်တန်းတွင် နည်းပြအနေဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်စိုးစိုးမော်က ဦးဆောင်၍ သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် နတလကျောင်းရှိ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)