ကျုံပျော် ဇူလိုင် ၂၉
စားဝတ်နေရေး ခက်ခဲသည့် အိမ်ထောင်စုများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် အိမ်ထောင်စု (၁၂၀)အား အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းကို ယမန်နေ့က ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် အထောင်မြို့၊အမှတ် (၃) ရပ်ကွက်၊ ဦးလူ၀လမ်း၌ အထောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ လူမှုရေးအဖွဲ့ဝင်များနှင့် ကိုရဲမင်း+မလွင်လွင်ဦး ဆန်ဆိုင် မိသားစုတို့က အထောင်မြို့တွင်းရှိ စား၀တ်နေရေးအခက်အခဲရှိသော နွမ်းပါးအိမ်ထောင်စု၀င်(၁၂၀)စုအား ဆန်(၁)ပြည်၊ ကြက်ဥ(၅)လုံး၊ ကြက်သွန်နီ(၂၅)ကျပ်သားနှင့် ဟင်းသီးဟင်းရွက်(၂)မျိုးတို့အား စုစုပေါင်း (၂၅၀၀)ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြသည်။
ကျုံပျော်မြို့နယ်ရှိ ရပ်ကွက်များတွင်လည်းတွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အမဲသားနှင့် ဟင်းသီးဟင်းရွက်များအား အခါအားလျော်စွာ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည့်အတွက် လာရောက်ဝယ်ယူသည့် ရပ်ကွက်နေပြည်သူများ ဝမ်းမြောက်ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)