ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ကျန်စစ်သားမင်းကြီး အေဒီ ၁၀၈၄ ခုနှစ်တွင်တည်ထားခဲ့သည့်နဂါးရုံဘုရားရှိ နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင် ကျောက် ဆစ်ပန်းလက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင် ရာနံရံပန်းချီများလေ့လာနိုင်

ညောင်ဦး  ဇူလိုင်  ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ကျန်စစ်သားမင်းကြီး အေဒီ ၁၀၈၄ ခုနှစ်တွင် တည်ထားခဲ့သည့် နဂါးရုံဘုရားရှိ နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင် ကျောက်ဆစ်ပန်းလက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင် ရာနံရံပန်းချီးများလေ့လာနိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံကသိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ နဂါးရုံဘုရားကို ပုဂံခေတ်ဦးပိုင်း အေဒီ ၁၀၈၄ ခုနှစ်တွင် ကျန်စစ်သားမင်းကြီးတည်ထားခဲ့ကြောင်း အာရုံခံမြောက်ဘက်လှည့် ကွမ်းတောင် ပေါက်ဂူ ဘုရားတစ်ဆူဖြစ်ပြီး ဗိသုကာလက်ရာများကိုကြည့်ခြင်းအားဖြင့် မွန်ယဉ်ကျေးမှု လွှမ်းမိုးလျက်ရှိ သည်ဟုယူဆရကြောင်း အလယ်တိုက်မတွင် နဂါးပါးပျဉ်းမိုးထားသည့် အဘယမုဒြာဟန် မတ်ရပ်ဆင်းတုကြီးတစ်ဆူရှိသည်။ ယင်းဆင်းတုတဘက်တချက်တွင် မဟာဂရုဏီကာမုဒြာ ဆင်းတုတော်နှစ်ဆူခြံရံထားသည် ကိုဖူးမြှော်တွေ့ရှိရသည်။ နှစ်ကျိတ်ရှစ်ဆူဗုဒ္ဓဝင် ကျောက် ဆစ် လက်ရာများနှင့်ဗုဒ္ဓဝင်ဆိုင်ရာ နံရံပန်းချီများကို ပါဠိစာ၊ မွန်စာတို့ဖြင့် ရေးထိုးမှတ်တမ်းတင် ထားသည်ကို တွေ့ရှိရသည်။ ပုဂံခေတ် သစ်သား၊ ပန်းပုလက် ရာများကို အပြင်အာရုံခံအဝင်နှင့် အတွင်းတိုက်မအာရုံခံတို့တွင် ကျွန်းသစ်သားလေး ထောင့်တုံးကြီးများဖြင့် တံခါး ဘောင်ထုပ် အဖြစ်တွေ့မြင်လေ့လာနိုင်သည်။

နဂါးရုံဘုရား၏ အရှေ့ဘက်တွင် လေးမျက်နှာဘုရား၊ မြောက်ဘက်တွင် မနုဟာ ဘုရား၊ မြစေတီ၊ ဂူပြောက်ကြီး(မြင်းကပါ)၊ ရွှေစေတီ၊ အနောက်ဘက်တွင် အပါယ်ရတနာ ဘုရား၊ စိုးမင်းကြီးဘု ရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ တောင်ဘက်တွင် စိမ်းညက်အမ ဘုရား၊ ကျောက်မျက်မှော်ဘုရား နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများကို မတူညီသောတည်ထားမှုပုံစံတို့ဖြင့် လေ့လာဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း