မင်းပြား၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုးရာသီတွင်ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့်အဘိတ်ဆေးခပ်ခြင်းကို  ယနေ့နံနက်က ဈေးဟောင်းပိုင်းရပ်ကွက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့​သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်လျက်ရှိရာ၊ ယနေ့နံနက်ပိုင်းက လမ်းဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့က ၎င်းတို့ဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများ ရှိပြည်သူများ ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်းတွင် ဘာသာရပ်(၃)မျိုး သင်ကြားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဟိုတယ်များတွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့် အတန်းမီစေရေး၊ ခရီးသွားဧည့်သည်များအပေါ် ကောင်းမွန်သော ခရီးသွားဝန်ဆောင်မှုများပေးနိုင်ရေးတို့အတွက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်းကိုဖွင့်လှစ်ပေးလျက်ရှိရာ   ဘာသာရပ် (၃)မျိုးကို သင်ကြားပေးလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်းအတွင်းတွင် စံပြစိုက်ခင်းများ စိုက်ပျိုးထားရှိပြီး ရရှိလာသော မျိုးစေ့များကို တောင်သူများသို့ ဖြန့်ချိပေးသွားမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်စိုက်ပျိုးရေးရုံးဝန်းအတွင်းတွင် စိုက်ပျိုးထားသည့် စံပြစိုက်ပျိုးခင်းများမှ စပါးမျိုးများ၊ ဆီထွက်သီးနှံအထွက်တိုး နေကြာစိုက်ခင်းများမှ မျိုးစေ့များကို တောင်သူများသို့ ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့၊ မေတ္တာဘေရီမူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင်  ဝါဆိုသင်္ကန်းဆက်ကပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မေတ္တာဘေရီမူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to