ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ပေးအပ်

ပေါက်တော ဇူလိုင် ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ယနေ့ နံနက်ပိုင်းက လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပေါက်တောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့တို့သည်  အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ခု ဘဏ္ဍာ​ရေးနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လများအတွက် ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွား ၄၈၁ ဦးအတွက် တစ်ဦးလျှင်လူမှုရေး ပင်စင်ထောက်ပံ့ငွေ ၃၀၀၀၀/- ကျပ်​ဖြင့် စုစုပေါင်း တစ်ရာ့လေးဆယ့် လေးသိန်းသုံးသောင်းကျပ် တိတိကို အသီးသီးပေးအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အသီးသီး ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)