အထက်မင်းလှ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးလတ်မှ မြို့နယ်စိုက်ပျိုး ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးလတ်က မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးမည့်သီးနှံများ စိုက်ဧကအမှန်ဖြစ်စေရေး၊ သီးနှံမျိုးကွဲအလိုက် (မိုးကောင်း သောက်) တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး အတွက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်း များပူးပေါင်းဆောင် ရွက်ကြရန်နှင့် သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးမည့် သီးနှံစိုက်ဧကများ၏ လျာထားချက်များ၊ စိုက်ပျိုး ပြီးစီးမှုအခြေအနေများ၊ စိုက်ဧက အမှန်ဖြစ်စေရေး၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးမှုပန်းတိုင်အထွက် နှုန်းရရှိရေး ဆောင်ရွက် နေမှုများ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာနယ်မြေ အလိုက်ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက စိုက်ဧက အမှန်ဖြစ်စေရေး၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)