ရသေ့တောင်မြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရသေ့တောင်  ဇူလိုင် ၂၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ရသေ့တောင် မြို့ရှိ ​အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသောဗိုလ်ချုပ် အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်း အဖွဲ့များ၊ မြို့နယ်အမျိုး

သမီးရေးရာ၊ မိခင်ကလေးအဖွဲ့ များတက်ရောက်ကြသည်။ ​ဦးစွာ ဗိုလ်ချုပ် အောင်မျိုးထွန်းက မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပျိုးပင် များကို ပေးအပ်ရာ(အ.ထ.က-၁) ကျောင်းအုပ်ဆရာကြီး ဦးမောင်စံသိန်းက လက်ခံရယူသည်။

ဆက်လက်ပြီး မြို့နယ်သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ပျိုးပင်စိုက်ပျိုးနည်းနှင့် မြေဩစာသုံးစွဲနည်းများအား သရုပ်ပြကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာများ၌ ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပေးကြသည်။

ထို့နောက် ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနိုင်လင်းထက်တို့က ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ နှင့်မိခင်ကလေးအဖွဲ့က သတ်မှတ်နေရာ များတွင် ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။

ယနေ့ အခမ်းအနားတွင် မန်ဂျင်ရှား၁၀၀၊ ပျဥ်းကတိုး၅၀၊ ယူကလစ်၅၀၊ ရေသဝင် ၃၀၀ စုစုပေါင်း ပျိုးပင် ၅၀၀ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရသေ့တောင် (ပြန်/ဆက်)