ညောင်ဦး ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု သရက်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၃၂၅)၊ ဦးပိုင် (၁၇-က)တောင်သူဦးကြည်ခိုင်၏ နွေစပါးဆင်းသုခ စိုက်ဧက (၁.၇၅)ဧက နွေစပါးစိုက်ခင်းတွင် အထွက်နှုန်းကိုယ်စားပြုစံကွက်ရိတ်သိမ်း ခြင်းများအတွက် (၀.၁၀)ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခစပါးမျိုး နွေစပါးစိုက်ခင်းတွင်ရိတ်သိမ်းခဲ့ပြီး (၀.၁၀)ဧက စံကွက်ရိတ်သိမ်းခဲ့ရာတစ်ဧကအထွက်နှုန်း ပျှမ်းမျှ(အစို) ၁၂၈ တင်းထွက်ရှိခဲ့ ပြီး (၆.၆)ပေ စံကွက်အထွက်နှုန်း ၁၂၅ တင်းထွက်ရှိခဲ့ကြောင်းညောင်ဦးမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ ဒေါ်ခင်ဌေးရီ(မြို့နယ်ဦးစီးမှူး)ထံကသိရသည်။ ညောင်ဦးမြို့နယ်တွင် နွေစပါးသီးနှံလျာထား ဧက (၄၀၅)ဧကတွင် ၊စိုက်ဧက (၂၂၄)ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ငါ့သရောက်မြစ်ရေတင်၊ လက်ပံခြေပေါ်မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ မြစ်ရေတင်(၃)ခုတွင် ၊လျှပ်စစ်မြစ်ရေ တင်စနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး နွေစပါးတွင် ဆင်းသုခ၊ မနောသုခ၊ ထိုင်းနှံကောက်မျိုးများဖြင့် စိုက်ပျိုးအကောင်ထည်ဖော်ခဲ့ကြောင်းသိရသည်။ နွေစပါးစံပြကွက်အဖြစ် တင်း(၁၂၀)ထွက်ရှိရေး စံပြကွက်ဧက (၂၀)ဧက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တစ်မြို့နယ်လုံး၏ အထွက်နှုန်းခန့်မှန်းစာရင်း (၀.၁၀)ဧက တစ် ကွက်နှင့်(၆.၆ ပေ ၊စံကွက်ပေါင်း(၁၀)ကွက်ကို လျာထားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့ဝင်များဖြင့်ပူးပေါင်းရိတ်သိမ်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
(၀.၁၀)ရိတ်သိမ်းပွဲတွင် ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ခင်ဌေးရီ (မြို့နယ်ဦးစီးမှူး) နှင့်ဝန်ထမ်းများ၊ နွေစပါးစိုက်ပျိုးတောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း