မာန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်၉နာရီကကမ်းနားရပ်ကွက်နှင့် ရန်အောင်မြင် ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းကိုင်မြို့နယ်တွင် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်းကို ယနေ့မနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စတင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးစာရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူများ တို့ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသော လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။

ဆွမ်ပရာဘွမ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား   ကျန်းမာသန်စွမ်းပြီး ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် ဝါဆိုမည့်သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၂၈) ကျောင်းတွင် ဝါဆိုဝါကပ်တော်မူမည့် သံဃာတော်များ စိတ်အေးချမ်းမြေ့စွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ခြင်းနှင့် ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်၍ ဆောင်ရွက်သည်။

ကျိုက်လတ်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်များ ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများအား  နိုင်ငံသားစိစစ်ရေးကတ်များကို ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အိမ်ယာကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ် မလိဒီကျေးရွာကုန်ထုတ်လမ်းတလျောက် အရိပ်ရပင်များစုပေါင်းစိုက်ပျိုး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မလိဒီကျေးရွာနေ ပြည်သူလူထုများပူးပေါင်းမှုဖြင့် ကျေးရွာကုန်ထုတ်လမ်းတစ်လျောက် အရိပ်ရပင်များစုပေါင်း စိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု မလိဒီကျေးရွာ ကုန်ထုတ်လမ်း၌ စုပေါင်းစိုက်ပျိုးကြသည်။

ရေးမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ 

မွန်ပြည်နယ်အစိုးရဖွဲ့၏လမ်းညွန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် အခြေခံစားသောက်ကုန်စည်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ရေးမြို့ အောင်မင်္ဂလာရပ်ကွက်  ချောင်းတောင်တံတားကြီးအနီး၌ ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်ရောင်းချပေးလျက်ရှိသည်။
Subscribe to