မိုးမောက်မြို့၌ ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင် အထက်ဌာနများ၏ ညွှန်ကြားချက်အရ မိုးမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင် ဦးဆောင်မှုဖြင့်  မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် စေတနာမိုးလူမှုကူညီရေးအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၈၀) ဦး ခန့်ဖြင့် စုပေါင်းသန့်ရှင်းရေးကို ဇူလိုင် (၂၉) ရက် နံနက် (၉) နာရီတွင်ပြုလုပ်ခဲ့သည်။

မြစိမ်းရောင်စီမံကိန်းရန် ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တောကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မုံရွာပညာရေး ဒီဂရီကောလိပ် အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မုံရွာပညာရေးဒီဂရီကောလိပ် အမျိုးသား/အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့၊ ညနေပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ အားကစားကွင်းတွင် ကျင်းပရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများပြိုင်ပွဲဝင် အားကစား သမားများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

လင်းခေးမြို့နယ်၊ တင်ပွတ်ကျေးရွာတွင်ရေကြီးရေလျှံမှုကြောင့် တောင်ကျချောင်းရေလွှဲမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

လင်းခေးမြို့နယ်၊ တင်ပွတ်ကျေးရွာတွင်ရေကြီးရေလျှံမှုကြောင့် တောင်ကျချောင်းရေလွှဲမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေး လင်းခေး ဇူလိုင် ၃၀ စိုင်းဇော်လတ်(လင်းခေး)

ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ဘားအံ ဇူလိုင် ၃၀ စောမျိုးမင်းသိန်း

ငွေဆောင်ကမ်းခြေတွင် ခရီးသွားဧည့်သည်များ အသက်အန္တရာယ်ကင်းရှင်းစေရန်အတွက် သတိပေးဆိုင်းဘုတ်များစိုက်ထူခြင်းနှင့် ကမ်းခြေသန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့နံနက်(၇း၀၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၏ ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် ငွေဆောင်ဟိုတယ်ဇုန် တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့စစ်များ၊ Trash Heroအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကမ်းခြေစျေးသည်များ စုစုပေါင်းအင်အား(၁၅၀) ဦးခန့်ဖြင့်ငွေဆောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ချစ်သူများကျွန်းရှေ့ကမ်းခြေတစ်လျှောက်တွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ မိုးရာသီအတွင်းပင်လယ်ပြင်တွင် ရေဝဲများဖြစ်ပေါ်နေ၍ အန္တရာယ်ရှိပါသဖြင့် ရေဆင်းမကူးကြရန် သတိပေးသည့် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ကမ်းခြေသန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စည်းကမ်းမဲ့အမှိုက်မပစ်ကြရန် သတိပေးသည့်ဆိုင်းဘုတ်များ စိုက်ထူခြင်းတို့အား ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျုံပျော်တွင် သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆီနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ သံဃာတော်အရှင်သူမြတ်များ အေးချမ်းစွာ သီတင်းသုံးနေထိုင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ ဆီနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to