မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းပြီး တိုင်းရင်းဆေးဖြင့် ပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စည်းရုံးရေးစစ်ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီက သိမ္ဘလကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာနှင့် သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာများသို့ သွားရောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် သရေကုန်းဘောင်ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှု နှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် သရေကုန်းဘောင်ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှု နှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး မောင်တော ဇူလိုင် ၃၀ သက်လွင်စိုး

မအူပင်မြို့တွင် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူငယ်စကားဝိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၊ ကျောင်းခန်းမတွင် ယနေ့ မွန်းလွဲ (၁၂) နာရီအချိန်က ကျင်းပသည်။

တပ်ကုန်းမြို့နယ်တွင် ငရုတ်စိုက်တောင်သူများ ငရုတ်စျေးကောင်း၍ လုပ်ငန်းအဆင်ပြေ

တပ်ကုန်းမြို့နယ်တွင် ငရုတ်စိုက်တောင်သူများ ငရုတ်စျေးကောင်း၍ လုပ်ငန်းအဆင်ပြေ တပ်ကုန်း ဇူလိုင် ၃၀ တင်စိုးလွင်

ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။

နောင်ချိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကမ္ဘာမိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ကမ္ဘာမိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မိသားစုတို့၏ စုပေါင်းဝါဆို သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မွန်ပြည်နယ်ရဲတပ်ဖွဲ့မိသားစုတို့၏ စုပေါင်းဝါဆို သင်္ကန်းဆပ်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်၊ ဆင်ဖြူပရိယတ္တိ စာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီး အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့သည်။
Subscribe to