မောင်တော ဇူလိုင် ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယစ်မျိုးသိုလှောင်ရောင်းချလျက်ရှိသည့် ဆိုင်များအား ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူမောင်တောမြို့နယ်အတွင်းရှိ ယစ်မျိုး လိုင်စင်ထုတ်ပေးထားသည့် ဆိုင်များအနေဖြင့် စည်းကမ်းချက်များနှင့်အညီ ရောင်းချ၊ သိုလှောင်ရန် ပတ်ဝန်းကျင်အားထိခိုက်မှုရှိ/မရှိ၊ မီးဘေးလုံခြုံမှု ရှိ/မရှိ၊ ယစ်မျိုးရောင်းချသော ဆိုင်များအနေဖြင့် စည်းကမ်းချက်များနှင့်မညီညွတ်ပါက ယစ်မျိုးဆိုင်ရာ ဉပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်