ပုဗ္ဗသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ်များအား လိုက်လံစိုက်ထူ

ပုဗ္ဗသီရိ ဇူလိုင် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းနှင့် ရာဇသင်္ဂဟလမ်းထောင့်၊ မင်္ဂလာဒီပရပ်ကွက်၊ နေပြည်တော်ဘူတာကြီးရှေ့၊ သံလွင်လမ်းမကြီး၊ သံလွင်လမ်းမကြီးနှင့် ယုဇနလမ်းထောင့်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ထုံးဖိုမီးပွိုင့်လမ်းဆုံနှင့် တပင်ရွှေထီးရပ်ကွက်၊ ကုတင်(၃၀၀)သစ်တောလမ်းထောင့်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေးအတွက် Quick Win အစီအမံ (၅) ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပေးခြင်းဆိုင်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလျား ၄ ပေ၊ အနံ  ၃ ပေ ဆိုင်းဘုတ်များအား  ယနေ့မွန်းလွဲပိုင်းက စိုက်ထူပေးခဲ့ကြောင်း သိရသည်။

ထို့သို့စိုက်ထူရာတွင် ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်ကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းငွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး အောင်ဇေယျာလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့ ပူးပေါင်း၍ ပုဗ္ဗသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းနှင့် ရာဇသင်္ဂဟလမ်းထောင့်၊ မင်္ဂလာဒီပရပ်ကွက်၊ နေပြည်တော် ဘူတာကြီးရှေ့၊ သံလွင်လမ်းမကြီး၊ သံလွင်လမ်းမကြီးနှင့် ယုဇနလမ်းထောင့်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ထုံးဖိုမီးပွိုင့်လမ်းဆုံနှင့် တပင်ရွှေထီးရပ်ကွက် ကုတင် (၃၀၀) သစ်တောလမ်းထောင့်များတွင် လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းသူများလိုက်နာရန် အသိပေးခြင်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာလျှင် သက်ဆိုင်သည့် ပြစ်ဒဏ်များ ပါဝင်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ Quick Win အစီအမံ (၅) ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပေးခြင်းဆိုင်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလျား ၄ ပေ၊ အနံ  ၃ ပေ ဆိုင်းဘုတ်များ အားလိုက်လံ စိုက်ထူပေးခဲ့ကြောင်း သိရသည်။

လှိုင်မြင့်(ပုဗ္ဗသီရိ)