၂၀၂၃-၂၀၂၄ ခုနှစ် ချည်မျှင်ရှည်ဝါ သီးနှံစိုက်တောင်သူများအား မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ရွာငံ ဇူလိုင် ၃၀

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာခန်းမတွင် ချည်မျှင်ရှည်ဝါသီးနှံမျိုးစေ့ အခမဲ့ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်မျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူးဦးနိုင်ဝင်းမှ ဝါစိုက်ပျိုးရာတွင် တစ်ဧကကို ဝါမျိုးစေ့တစ်အိတ်နှုန်းဖြင့် အခမဲ့ပေးအပ်ခဲ့ကြောင်း ပြောကြားသည်။

ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးကျော်မျိုးသန့်နှင့် တာဝန်ရှိသူများက တစ်ဧကကိုဝါမျိုးစေ့တစ်အိတ်နှုန်းဖြင့် အခမဲ့ပေးအပ်ရာ သက်ဆိုင်ရာတောင်သူများက လက်ခံရယူခဲ့ကြပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

(ပြည့်ဖြိုးသန့်)