ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ်ရပ်ကွက်များ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရသေ့တောင် ဇူလိုင်  ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင်မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ လူထုများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့‌ နေ့လယ်ပိုင်းကဆောင်ရွက်ကြသည်။

မြို့နယ်ကျန်းမာရေးဌာနမှ မိုးရာသီအဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာယနေ့‌ နေ့လယ်ပိုင်းက အ-ထ-က(၁)နှင့်ပညာရေးမှူးရုံး၊လဝကရုံးနှင့်ဝန်ထမ်းအိမ်ယာ၊မိခင်ကလေးနှင့်ဝန်ထမ်းအိမ်ယာ၊ အိုးအိမ်ဝန်ထမ်းအိမ်ယာ၊‌ ဆေးရုံနှင့်ဝန်ထမ်းအိမ်ယာ၊ ဆက်သွယ်‌ရေးနှင့်ဝန်ထမ်းအိမ်ယာ၊‌ ဆောက်လုပ်ရေးနှင့်ဝန်ထမ်းအိမ်ယာ၊‌ ကျေးလက်ရုံးနှင့်ဝန်ထမ်းအိမ်ယာ၊‌ ထွေအုပ်ရုံးနှင့်ဝန်ထမ်းအိမ်ယာ၊ စီးပွား‌ရေးဘဏ်နှင့် ဝန်ထမ်းအိမ်ယာတို့တွင်အဖွဲများခွဲ၍ ဆေးပက်ဖြန်းခြင်းကိုဆောင်ရွက်ကြသည်။

 ထိုသို့ဆောင်ရွက်ရာတွင်   ကျန်းမာရေးဝန် ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့ လူမှုရေးအဖွဲ့အစည်းများပါဝင်သည့် အဖွဲ့သည် ရသေ့တောင်မြို့နယ်အတွင်း စာသင်ကျောင်းရှိ စာသင်ခန်း များတွင် သွေးလွန် တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် သက်ကြီးခြင်ကောင် နှိမ်နင်းခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ (ဖုံး၊သွန်၊လဲ၊စစ်) လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကန်၊ အုတ်ကန်များတွင် ပိုးလောက် လန်းသေဆေး (အဘိတ်) ခတ်ခြင်းနှင့် ဆရာ၊ ဆရာမများအား ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရသေ့တောင် (ပြန်/ဆက်)