မဟာအောင်မြေ ဇူလိုင် ၃၁
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း ကလေးငယ်များ ကာကွယ်ဆေးအကြိမ်ပြည့် ဆေးထိုးနိုင်ရန်အတွက် ကြိုတင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက် စာရင်းကောက်ယူလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစာရင်းကောက်ယူရခြင်းမှာ မဟာအောင်မြေမြို့နယ်အတွင်းရှိ အသက် (၁) နှစ်မှ (၃) နှစ်၊ (၃) နှစ်မှ (၅) နှစ်အထိ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးအပါအဝင် (ငါးမျိုးစပ်ကာကွယ်ဆေး) တခါမှမထိုးရသေးသော ကလေးငယ်များနှင့် အကြိမ်ပြည့် မထိုးရသေးသော ကလေးငယ်များအားလုံးကို အကြိမ်ပြည့် ကာကွယ်ဆေးထိုးနိုင်ရန် ရည်ရွယ်၍ ကြိုတင်စာရင်း ကောက်ယူနေခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးမှုများကို (၂.၈.၂၀၂၃) မှ (၈.၈.၂၀၂၃) ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ပထမအကြိမ်အဖြစ် ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။
အောင်ဇော်မင်း