နယ်စပ်ဒေသတောင်တန်းသာသနာပြု ရွှေမောင်းသီလရှင်စာသင်တိုက်၏ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ နယ်စပ်ဒေသ တောင်တန်းသာသနာပြု ရွှေမောင်းသီလရှင်စာသင်တိုက်၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၃-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ စာအောင်သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။