အင်္ဂပူ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အောက်ရွာကြီးကျေးရွာအုပ်စု တောင်သူ အသိပညာပေး စခန်း၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ မိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါး တစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများ အား သွင်းအားစု (ယူရီးယားမြေသြဇာ၊ ကွန်ပေါင်းမြေသြဇာနှင့် သဘာဝမြေသြဇာ) များ ပေးအပ်ခဲ့ သည်။
သွင်းအားစုများ ပေးအပ်ခြင်းကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ကြီးကြပ်မှု လုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက အောက်ရွာကြီးကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးစိုက်ဧက (၄၅) ဧကအတွက် ရွှေမိုးဓာတ်မြေဩဇာ (Compound) ၂၅ အိတ်၊ ဖြိုးမောက်ဓာတ်မြေဩဇာ (ယူရီးယား) ၅၀ အိတ်၊ စမ်းဝတီ (သဘာဝဓာတ်မြေဩဇာ) ၁၅ အိတ်နှင့် ဘိုင်အိုစူပရင်း (ဇီဝသဘာဝမြေဩဇာ)-၅ အိတ်တို့အား တောင်သူများ အား ပေးအပ်ခဲ့သည်။
အဆိုပါ သွင်းအားစုများ ပေးအပ်ရာသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ အောက်ရွာကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)