ဒေးဒရဲမြို့၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဒေးဒရဲ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက်(၉)နာရီက ​ ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်း ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း နံနက် (၁)နာရီခွဲတွင် ချောင်းသစ် ပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မွန်းလွဲ (၁)နာရီတွင် ကျုံဒါတ်ကျေးရွာ ဇေယျမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတို့တွင် ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ မိမိကျေးရွာအတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် ရပ်ရွာအေးချမ်း သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်  တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ရပ်ကွက်၊ ကျေးရွာလုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ သည်။ ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာများ သန့်ရှင်းသာယာရေး လုပ်ငန်း များ၊ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာ ချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိ တောင်သူများ တစ်ဧက စပါး အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ လယ်ယာမြေဥပဒေများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် မိုးစပါး စိုက်ပျိုး စရိတ်ငွေများ ထုတ်ချေးပေးနေမှုများ၊ ပညာရေး၊ ကျန်းမာရေး စသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း