ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက် သရုပ်ပြအခမ်းအနားသို့ တက်ရောက်ခြင်း၊ နန်းရာကုန်းကျေးရွာရှိ ကြက်မွေးမြူရေးခြံ သန့်ရှင်းမွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှု

ဘူးသီးတောင် ဇူလိုင် ၃၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များနှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့်အတူ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၏ နန်းရာကုန်း ကျေးရွာအုပ်စု၊ ကုတိုးဆိပ်ကျေးရွာတွင် ပြုလုပ်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စုပေါင်းကောက်စိုက်ခြင်းနှင့် တီစူပါမြေဩဇာမြေခံ ကြဲပက်ခြင်းနှင့် စုပေါင်းထွန်ယက်နေမှုများကို ကြည့်ရှုအားပေးပြီး မျိုးစေ့ထုတ်တောင်သူ (၂၄) ဦးတို့အား တီဆူပါဓါတ်မြေဩဇာ တစ်ဧကလျှင် (၀.၅) အိတ်နှုန်းဖြင့် (၄၇.၅) အိတ်အားတို့အား (အခမဲ့) ထောက်ပံ့ပေးအပ်ခဲ့ကာ စိုက်ပျိုးရေး ပညာပေးလက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကွန်တိုင်ကျေးရွာ အုပ်စု၊ ကွန်တိုင်ကျေးရွာ လယ်မြေများအတွင်း စုပေါင်းကောက်စိုက်နေမှုနှင့် စပါးစိုက်ပျိုး ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး နန်းရာကုန်းကျေးရွာရှိ ပုဂ္ဂလိကပိုင် တစ်ပိုင်တစ်နိုင် အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်လေ့လာ ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)