လယ်ဝေး ဇူလိုင် ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင်လ ၂၉ ရက် ညောင်ပင်သာကျေးရွာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
လယ်ဝေးမြို့နယ်ရုံး ဉီးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ညောင်ပင်သာကျေးရွာမှ ပြည်သူ ၆၉ ဉီးကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်လိုပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း သိရသည်။
နေရည်(ပြန်/ဆက်)