ကျွန်းလှ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက် ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် ဆရာတော် သံဃာတော်များထံမှ အနုမောဒနာ တရားနာကြားကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ