ကလိန်အောင် ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ဆုတောင်ပြည့် ဆံတော်ရှင်ဘုရားလမ်းတွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ ညနေ့ ၄ နာရီ အချိန်ခန့်က သစ်ပင်များကျိုး၍ မြေပြိုကျကာ လမ်းများပေါ်သို့ ကျရောက်ပိတ်ဆို့ လျက်ရှိကြောင်း သိရသည်။
ထိုသို့ သစ်ပင်များနှင့် မြေပြိုကျရာဘုရားလမ်းသို့ ကလိန်အောင်မြို့၊ ဆံတော်ရှင်ဂေါပကအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက သွားရောက်၍ စက်ယန္တရားဖြစ် ဖယ်ရှာရှင်းလင်း၍ လမ်းများ ပြန်လည်ပွင့်၍ သွားလာနေရပြီးဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့