ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ” စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။

ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်နန်းဝင်းဝင်းစိန် (ရဿဝတီမေနန်း)၊ စာရေးဆရာ မောင်ရိုး၊ စာရေးဆရာ  ရဲမွန်ကျော်၊ စာရေး ဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာ ဈာန်(စွမ်းအင်)၊ စာရေးဆရာ ဟန်ညွှန့်(ယဉ်ကျေးမှု)၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာ မောင်သန်းညွှန့် (မြစ်ခြေ)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ စာရေးဆရာ နွေဦးကိုကို(နေပြည်တော်)၊ စာရေးဆရာ မောင်မောင်တာ (သဘာဝ)နှင့် တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက မောင်ခင်မင်(ဓနုဖြူ)ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်မှ လူငယ်တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ၊ ပါရဂူဂုဏ်ပြုပွဲက အပြန်၊ တပည့်တွေ အကြောင်း၊ ပဥ္ဇာဝုဓမင်းသား၏ ဝရဇိန်လက်နက်ဖြင့်၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ  စသည့်​ခေါင်းစဉ်များမှ အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)