မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်ပျိုးမှုစိုက်ဧကမှန် ကန်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု‌ ကော်မတီအဖွဲ့ဝင်များနှင့်တောင်သူများအား တွေ့ဆုံဆွေးနွေး

အထက်မင်းလှ    ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံစိုက်ပျိုးရာတွင် စိုက်ဧက မှန်ကန်ရေး၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက်မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ ဆွေး‌နွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ဦး ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံများစိုက်ပျိုးရာတွင် စိုက်ဧကများမှန်ကန်မှုရှိ‌ရေး၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်၊ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ  အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနတို့မှ နယ်မြေ တာဝန်ခံဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစာ‌ရေးဝန်ထမ်းများတောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာမှ မြို့နယ်ဦးစီးမှူးဦးကျော်နိုင်ဝင်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြုပုံစံ (၇)နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး၊ စိုက်ပျိုး‌ရေးဦးစီးဌာနမှ ခေတ္တ မြို့နယ် ဦးစီးမှူးဦးညီညီနိုင်က သီးနှံများမျိုးပြောင်းလဲရန် ၊စိုက်စနစ် ပြောင်းလဲရန်၊ သီးနှံများစိုက်ချိန် ပြောင်းလဲရန်တို့နှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်‌ ဆွေးနွေးပွဲတက်ရောက်လာကြသည့် ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများက သီးနှံစိုက်ပျိုးမှု ဧကစာရင်းမှန်ကန်ရေး၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ များအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များအားဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)